မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်

မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဆင်နွှဲလျက်ရှိသော ပြည်သူများအား  အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဧပြီ ၁၄ ရက်ညပိုင်းတွင် အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများပစ်ခတ်ခဲ့မှုကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၂ ဦးသေဆုံး၍ ၁၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဝမ်းနည်းဖွယ်သိရှိရပါသည်။

ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ အကျည်းတန်အရုပ်ဆိုးသော အကြမ်းဖက် လုပ်ရပ် အပါ် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က   ပြင်းထန်စွာရှုတ်ချပါ​ကြောင်း သ​ဘောထား ထုတ်ပြန်​ကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)