မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်

အကြမ်းဖက်သမားများ ပစ်ခတ်သည့် ရှော့တိုက်ဒုံး ၁၁ လုံး ကျရောက် ပေါက်ကွဲ မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေကြသူများနှင့် ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်နေသော ဒေသခံပြည်သူ ၂ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့  အကြမ်းဖက်လုပ်ရပ်အား မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးက လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး