မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သဘောထားထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်

အကြမ်းဖက်သမားများသည် သင်္ကြန်ပွဲတော်ဆင်နွှဲနေသည့် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အဆောက်အဦများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးနှင့် Drop Bomb များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၁၄ ရက်ညပိုင်းတွင် အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သော ၁၀၇ မမ ရှော့တိုက်ဒုံးကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အတွင်းရှိ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။          ယခုကဲ့သို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်