မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသဘောထားထုတ်ပြန်ကြေညာချက်(၄/၂၀၂၄)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသဘောထားထုတ်ပြန်ကြေညာချက်(၄/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဧပြီလ  ၁၅ ရက်

၁။      မြန်မာတစ်နိုင်ငံလုံးတွင် နှစ်ဟောင်းလွန်ကျူး နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနေကြသည်ကို မနာလို မရှုဆိတ်သော အကြမ်းဖက်သမားများက လူစိတ်ကင်းမဲ့စွာဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဧပြီလ ၁၄ ရက် ညပိုင်းတွင် ပြင်ဦးလွင်မြို့ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူပြီး အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

၂။   ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်းသို့ အများပြည်သူ သေကြေ၊ ထိခိုက်ဒဏ်ရာရရှိစေရန် လူစိတ်ကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်သော အကြမ်းဖက်သမား များ၏ လုပ်ရပ်အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ပါ ကြောင်း သဘောထား ထုတ်ပြန်ကြေညာ အပ်ပါသည်။                                                                                                  

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ