မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ခုနှစ်၊ ဧပြီလ ၁၅ ရက် 

၁။        အကြမ်းဖက်သမားများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ ဆင်နွှဲနေသည်ကို မနာလိုမရှုဆိတ်ဖြစ်ခြင်းနှင့် ပြည်သူများတည်ငြိမ်အေးချမ်းမှု ပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လူနေမြို့ရွာရပ်ကွက်များအတွင်းသို့ Drop Bombများ၊ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိပါသည်။

၂။       ထိုသို့လုပ်ဆောင်လျက်ရှိရာ ၁၄-၄-၂၀၂၄ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနောက်ဘက်မှ ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းတော် ကြီးကျောင်း LUXURY HOTEL၊ ရပ်ကွက်ကြီး(၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပယ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။

 ၃။     အဆိုပါ ကျရောက်ပေါက်ကွဲမှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ရဟန်းသံဃာတော် ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးမှာ ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး  ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့်ဆေးရုံ ဝန်ထမ်း ၁၁ ဦးမှာ ပြင်းထန်စွာဒဏ်ရာများရရှိခဲ့သဖြင့် စုစုပေါင်း ရဟန်းသံဃာတော် ၂ ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၄။      ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော မြို့ရွာရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်သည့်အတွက် အကြမ်းဖက်သမားများကို မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း