ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၅၀ လုံး ကျော် မီးလောင်ပျက်စီးဆုံးရှုံး

ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၅၀ လုံး ကျော် မီးလောင်ပျက်စီးဆုံးရှုံး

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်း၌ ဧပြီလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကားပစ္စည်းဆိုင်တစ်ဆိုင်မှ  မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်တိုက်နေအိမ် ၃၀ လုံးခန့်နှင့် ပျဉ်ထောင်/သွပ်မိုး နေအိမ် ၂၀ လုံးကျော် စုစုပေါင်းနေအိမ် ၅၀ လုံးကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်၌ နေထိုင်သော ဒေသခံပြည်သူများသည် မတ်လ ၃၁ ရက်မှ စတင်၍ ၎င်းရပ်ကွက်၌ နေထိုင်ခြင်းမရှိပဲ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရပြီး တာဝန်ရှိသူများက မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။