၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပသို့  လယ်ယာထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ နီးပါးရရှိ

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပသို့  လယ်ယာထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ နီးပါးရရှိ

 

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာ ကာလအတွင်း ပြည်ပသို့ လယ်ယာထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ နီးပါးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ  လယ်ယာထွက်ပစ္စည်းတင်ပို့မှု အနေဖြင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၈၃၁ ဒသမ ၃၁၂ သန်း ရရှိ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့ကို အဓိကစိုက်ပျိုးပြီး ပြည်တွင်းစားသုံး မှုအပြင် ပြည်ပသို့တင်ပို့လျက်ရှိကြောင်း၊ လယ်ယာထွက်ကုန်သည်    ပြည်ပပို့ကုန် များတွင်  ဒုတိယအများဆုံး ပို့ကုန်ဖြစ်ပြီး စက်မှုကုန်ချောကို  အများဆုံးတင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်   တစ်နှစ်တာ ကာလအတွင်း သစ်တောထွက် ပစ္စည်းများအပြင် လယ်ယာထွက်ပစ္စည်း၊   တိရစ္ဆာန်ထွက်ပစ္စည်း၊   ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့်  တခြားပို့ကုန် ပစ္စည်းများ  တင်ပို့ရာ   ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၆၁၈ ဒသမ   ၄၅၉  သန်းရရှိကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊  လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP  တို့ကို ပြန်လည် တင်သွင်းကြောင်း သိရသည်။