ဒေါ်ဒွဲဘူ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်)၏ နှစ်သစ်ကူးဆုတောင်းစကား

ဒေါ်ဒွဲဘူ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်)၏ နှစ်သစ်ကူးဆုတောင်းစကား

 

ဒေါ်ဒွဲဘူ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်)

    မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး မင်္ဂလာနှစ်သစ်ပါလို့ ကြိုဆိုနှုတ်ခွန်း ဆက်အပ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်ကို   ကူးပြောင်းတဲ့ မင်္ဂလာနှစ်သစ်ကို  ဝမ်းမြောက်ဝမ်းသာဖြင့်  ကြိုဆိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာ  တစ်အူထုံ့ဆင်း အတူတကွနေထိုင်လာကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ဒီနှစ်သစ်မှစပြီး ချစ်ခြင်းမေတ္တာတရား ပွားများနိုင်ကြပါစေ။ စည်းလုံးညီညွတ်မှုအားနဲ့ တိုင်းပြည်ရဲ့လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ဖော်ဆောင်နိုင်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုကြီးကိုအတူတကွ တည်ဆောက်နိုင်ကြပါစေ။

ပြည်ထောင်စုဖွား  တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး နှစ်သစ်မင်္ဂလာ အချိန်အခါမှစပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာနဲ့ ငြိမ်းချမ်းပျော်ရွှင်မှုကို ခံစားရရှိနိုင်ပါစေလို့  ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။