ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ( YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း၏ နှစ်သစ်ကူး ဆုတောင်း

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ( YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း၏ နှစ်သစ်ကူး ဆုတောင်း

 

    မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာ အခါသမယဖြစ်တဲ့ ၁၃၈၅ ခုနှစ်ကနေ ၁၃၈၆ ခုနှစ်ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာပြည်သူပြည်သား အားလုံးနဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။  ကျွန်တော်တို့ YMBA အသင်းရဲ့ အဓိက ရည်ရွယ်ချက်များဖြစ်တဲ့ အမျိုး/ဘာသာ/သာသနာ/ပညာ စတာတွေကို ဦးတည်ပြီး  တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့အသင်းရဲ့ နာယကကြီးဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးကလည်း ကျွန်တော်တို့အသင်းက အမျိုးသားရေး အသင်းဖြစ်တာကြောင့် နိုင်ငံရေးကိုမလုပ်ဘဲ  နိုင်ငံ့အရေးကို ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားပါတယ်။ နိုင်ငံ့အရေးဆိုတာက   နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရတာတွေ၊ ဘာသာရေးနဲ့ သာသနာအရေး ကိစ္စတွေမှာ ကူညီပံ့ပိုးဆောင်ရွက်ရတာ နိုင်ငံ့အရေးပါ။ ထိုကဲ့သို့အရေးတွေကို အသင်းကြီးအနေနဲ့ ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိပါတယ်။  နိုင်ငံတစ်ခု အေးချမ်းသာယာမှ စည်ပင်ဝပြောမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံတော်အေးချမ်း သာယာရေးကို ဝိုင်းဝန်း လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ နှစ်သစ်အခါသမယမှာ့ YMBA အသင်းအနေနဲ့ ပြောကြားလိုတာက တိုင်းသူပြည်သားတွေ စည်းလုံးညီညွတ်ကြဖို့၊ သွေးခွဲစကားတွေကို မယုံကြည်ကြဖို့၊ လေလှိုင်းပေါ်စကားတွေကို မယုံကြည်ဖို့ တိုက်တွန်းချင်ပါတယ်။ နှစ်သစ်မှာ အထူးတိုက်တွန်းလိုတာက တိုင်းပြည်အေးချမ်းသာယာ ဝပြောဖို့   အဓိက အရေးကြီးပါတယ်။

အသင်းကြီးနဲ့အတူ   မြန်မာပြည်သူပြည်သား အားလုံးဝိုင်းဝန်းပြီး  တိုင်းပြည်အေးချမ်း သာယာအောင်  ဆောင်ရွက်ကြပါစို့။