မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) မှ မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်း

 

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) မှ မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်း

 

ရန်ကုန်   ဧပြီ   ၁၈

    မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)သည် မြန်မာနှစ်သစ်ကူး နှစ်ဆန်းနှစ်ရက်နေ့   ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။

အခမ်းအနားသို့ မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)နာယကများ ဖြစ်ကြသည့် ဦးဇော်လင်းထွန်း၊ ဦးအောင်မြို့၊ ဦးကိုလေး၊ ဥက္ကဋ္ဌ ဦးကြည်သိန်းနှင့် အသင်းဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြဆည်းဆာဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး  ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်၍  သက်ကြီး အဘိုးအဘွားများကို လှူဖွယ်ပစ္စည်းဖြင့် ကန်တော့ခဲ့ကြကြောင်း သတင်းရရှိသည်။