ပြည်သူ့ရင်ပြင်တွင် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ဆင်ယင်ကျင်းပ

 

ပြည်သူ့ရင်ပြင်တွင် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ဆင်ယင်ကျင်းပ

 

ရန်ကုန်  ဧပြီ  ၁၈

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို ဧပြီလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  ကျောက်တံတားခရိုင်  ဒဂုံမြို့နယ်  ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဖိတ်ကြားထားသူများ၊ ရဟန်းရှင်လူအများ ပြည်သူများက  လာရောက် တရားနာယူခဲ့ကြသည်။

အဆိုပါပြည်သူ့ရင်ပြင် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်နှစ်ဆန်း တစ်ရက်နေ့တွင် နိုင်ငံတော်သြဝါဒါစရိယ  ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဒေါက်တာ အရှင်Óဏိဿရက တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြားသွားခဲ့သည်။

 နှစ်ဆန်းတစ်ရက်နေ့  မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရဟန်းရှင်လူပြည်သူများက သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်Óဏိဿရအတွက်  စုပေါင်းလှူဒါန်းငွေ စုစုပေါင်းမှာငွေကျပ် ၁၀၃၅၀၁၁၃၄ ဖြစ်ကြောင်းသိရသည်။

မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို နှစ်ဆန်းတစ်ရက်နေ့မှ နှစ်ဆန်းသုံးရက်နေ့အထိ နေ့စဉ်  ည ၇   နာရီတွင်  နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြား သွားမည်ဖြစ်သဖြင့် ရဟန်းရှင်လူပြည်သူများက  တရားနာကြွရောက်နိုင်ကြောင်းနှင့် ဓမ္မပူဇာဒါနကုသိုလ်ပြုလိုသူများ အနေဖြင့် ဖော်ပြပါ KBZ Pay ဖြင့်  QR Code အား Scan  ဖတ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။