နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများ ကျင်းပ

 

နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများ ကျင်းပ

 

နေပြည်တော်၊ ဧပြီ ၁၈

    နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ဧပြီလ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြုလွှတ်ပေးကြသည်။

    ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများရှိ အသက် ၇၅ နှစ်နှင့်အထက် အဘိုး ၁၁ ဦး၊ အဘွား၂၆ ဦး စုစုပေါင်း ၃၇ ဦးအနက် အခမ်းအနား တက်ရောက်နိုင်သူ အဘိုး၊ အဘွား ၁၈ ဦးအား     ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ကြပြီး ကန်တော့ခံဘိုးဘွားများ ကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘိုးဘွားများအား ရင်းနှီးစွာ ဂါရဝပြုတွေ့ဆုံကြောင်း သိရသည်။