ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ  ၁၈

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဧပြီလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော  သီလဝါဆိပ်ကမ်း (International Bulk Terminal Thilawa- IBTT)  မှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀ နှင့် မင်းထက်မင်း ဆိပ်ကမ်း  (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ စုစုပေါင်းတန်ချိန်   ၁၇၂၀၀ တင်ပို့ခဲ့သည်။

အလားတူ  အေးရှားဝေါလ်ဆိပ်ကမ်း (AWPT-3)မှ   သင်္ဘောတစ်စင်းပေါ်သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ပြောင်းများ တင်ဆောင်လျက်ရှိသည်။

ထို့ပြင် ဧပြီလ  ၁၉ ရက်တွင်  အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူး စေ့တန်ချိန် ၆၆၀၀ နှင့် ဧပြီလ ၂၀ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar TerminalTMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ တန် ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။