ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့်  အနည်းဆုံး လူကိုးဦး ဒဏ်ရာရ

 

ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့်  အနည်းဆုံး လူကိုးဦး ဒဏ်ရာရ

 

    ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ပြင်းအား၆ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူကိုးဦး ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်မှုသည်   အီမဲနှင့် ကိုချီစီရင်စုအပြင် ကျူးရှူးနှင့် ရှီကိုးကူးကျွန်းတို့အား ပိုင်းခြားထားသည့် ဘန်ဂိုရေလက်ကြားကို ဗဟိုပြု၍ ဧပြီလ ၁၇ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသ လေ့လာရေးအဖွဲ့က ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် အဆိုပါဒေသများအတွင်း၌ ငလျင်လှုပ်ခတ်မှုများ ထပ်မံဖြစ်ပွား နိုင်သောကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိထားကြရန် ကျွမ်းကျင်သူများက သတိပေးထားသည်။ ထို့ပြင် ထပ်မံလှုပ်ခတ်နိုင်သည့် ငလျင်ဒဏ်ကို ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်း   ကျိုတိုတက္ကသိုလ်ရှိ သဘာဝကပ်ဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး သုတေသနအဖွဲ့မှ ပါမောက္ခတစ်ဦးဖြစ်သူ တာကူယာ နီရှီမူရာက ပြောကြားခဲ့သည်။

ယခင်ကလည်း ဘန်ဂိုရေလက်ကြားတွင် ငလျင်လှုပ်ခတ်မှုများ  ဖြစ်ပွားခဲ့ခြင်းကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း  သိရသည်။