SINGHA-SAT TDT Cha-am 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အောင်ဆန်းမျိုး ဒုတိယရရှိ

SINGHA-SAT TDT Cha-am 2024  ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အောင်ဆန်းမျိုး ဒုတိယရရှိ

နေပြည်တော်  ဧပြီ  ၁၉

ဧပြီလ ၁၈ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ Lake View Resort & Golf Club (AB) ၌ကျင်းပသည့် SINGHA-SAT TDT Cha-am 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက် ကစားသမား အောင်ဆန်းမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိခဲ့သည်။

အောင်ဆန်းမျိုးသည် ယင်းပြိုင်ပွဲတွင် ၆၉+၆၇ ချက် နှစ်ရက်ပေါင်း ၁၃၆ ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက် ခြောက်ချက်လျော့ရိုက်ကာ ဒုတိယဆုကိုရရှိခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Supravee PHATAM က နှစ်ရက်ပေါင်းရိုက်ချက် ၁၃၄ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်  ရှစ်ချက်လျော့ရိုက်ပြီး ပထမဆုကို ဆွတ်ခူးရရှိကာ ဆုကြေးငွေ ဘတ်တစ်သိန်းရရှိပြီး ဒုတိယရရှိသော အောင်ဆန်းမျိုးမှာ ဆုကြေးငွေ ဘတ်လေးသောင်းလေးထောင် ဆွတ်ခူးရရှိခဲ့သည်။အဆိုပါပြိုင်ပွဲတွင် ကစားသမား ၁၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အောင်ဆန်းမျိုးသည် 2024 Taiwan PGA Tour လက်ရည်စစ်ပွဲအောင်မြင်ထားပြီး Thailand PGA Tour  နှင့် All Thailand Golf Tour တို့တွင်ဝင်ရောက်ယှဉ်ပြိုင်နေပြီး (Burmese Golf -BG နှင့် Dagon Golf City) တို့မှ ပံ့ပိုးကူညီပေးထားကြောင်း သိရသည်။       

(၅၀၀)