နန်းယွန်းမြို့နယ်၊ ရန်နောနုတ်ညို - ကိုင်းဆန်ဆာလင်-ကဲဆန်ကားလန် မြေလမ်း မိုင် ၂၀ ပေါ်တွင် လမ်းအူကြောင်းပြောင်း အပြီးသတ်မြေသားလမ်း ၁ မိုင် ဖောက်လုပ်ပြီးစီး

နန်းယွန်းမြို့နယ်၊ ရန်နောနုတ်ညို - ကိုင်းဆန်ဆာလင်-ကဲဆန်ကားလန် မြေလမ်း မိုင် ၂၀ ပေါ်တွင် လမ်းအူကြောင်းပြောင်း အပြီးသတ်မြေသားလမ်း ၁ မိုင် ဖောက်လုပ်ပြီးစီး

နန်းယွန်း ဧပြီ  ၁၉ 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၄ သန်းဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရန်နောနုတ်ညို-ကိုင်းဆန်ဆာလင်-ကဲဆန်ကားလန် မြေလမ်း မိုင် ၂၀ ဖောက်လုပ်ပြီးလမ်းပေါ်၌ အတက်အဆင်း မတ်စောက်သောနေရာများအား လမ်းအူကြောင်းပြောင်း ၅ မိုင်အနက် မြေသားလမ်း ၄ မိုင် ဖောက်လုပ်ပြီးစီးပြီဖြစ်ရာ ကျန်ရှိသော မြေသားလမ်း ၁ မိုင် အပြီးသတ် ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် ၅ x ၅ x ၂၆ ပေ  Box Culvert လေးစင်း တည်ဆောက်ခြင်း လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါလမ်းနှင့် Box Culvert  ဆောင်ရွက်ပေးနိုင်မှုကြောင့်  နန်းယွန်းမြို့နယ်အတွင်းရှိ   အိမ်ခြေ ၁၃၀၂ အိမ်၊ လူဦးရေ ၆၆၄၉ ဦးတို့၏ အခြေခံလူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှု များစွာ အထောက်အကူ ပြုသည့်အတွက် ဒေသခံပြည်သူများ များစွာ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သတင်းရရှိသည်။              

(၅၀၀)