အမ်းမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

အမ်းမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-ပဒါန်းလမ်းကြောင်းပေါ်ရှိ တောင်စောက် ကျေးရွာအပါအဝင် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ယာယီနေရပ် စွန့်ခွာသူ ဒေသခံပြည်သူ ၅၈ ဦးတို့ကို ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေး နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အမ်း-ပဒါန်း လမ်းကြောင်းပေါ်ရှိ ကျေးရွာ ၇ ရွာမှ အိမ်ထောင်စု ၃၀၇ စုတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြ သာယာရပ်ကွက်၊ မိုးကုတ်ဝိပဿနာမင်္ဂလာရိပ်သာရှိ သံဃာတော် ၃၆ ပါး၊ သာသနာ နွယ်ဝင်သီလရှင် ၅၇ ပါးနှင့် ဒေသခံပြည်သူ ၂၇ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါရိပ်သာ၌ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG ၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွေးအုပ်စုခွဲခြားပေးခြင်း နှင့် ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။