Uab Bank Badminton Junior Championship 2024 ကြက်တောင် ပြိုင်ပွဲကျင်းပမည်

Uab Bank Badminton Junior Championship 2024 ကြက်တောင် ပြိုင်ပွဲကျင်းပမည်

ရန်ကုန်  ဧပြီ  ၁၉

မြန်မာနိုင်ငံ ကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲ လာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစား အောင်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန် မပြတ် စနစ်တကျဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ Uab Bank Badminton Junior Championship 2024  ကြက်တောင် ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသက် ၉ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၁ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၃ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၅ နှစ်အောက်အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၅ နှစ်အောက် အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲနှင့်  အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊  အသက် ၁၇ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၇ နှစ်အောက်  အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အသက် ၁၉ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲ၊ အသက်၁၉ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအား မေလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ အမျိုးသား ကြက်တောင်အားကစားခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့ကြက် တောင်အဖွဲ့ချုပ် (BWF)မှ နောက်ဆုံး အတည်ပြုထုတ်ပြန်ထားသော ကြက်တောင်အားကစားနည်းဥပဒေနှင့်အညီ ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် ယှဉ်ပြိုင်လိုသည့်အတန်းများအား ဖော်ပြလျက် ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ကြက်တောင် အားကစားအဆင့်အတန်းအား  အရှေ့တောင်အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရန်၊   နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများ ပေါ်ပေါက် လာစေရန်၊ ဆုကြေးများ ထိုက်ထိုက်တန်တန်ချီးမြှင့်သောပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းဖြင့် အားကစား သမားများ မိမိတို့အားကစားအရည်အသွေးကို မြှင့်တင်လိုစိတ်ထက်သန်လာစေရန်၊ သက်တမ်း အလိုက် ပြိုင်ပွဲများ၊ တံခွန်စိုက်ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် အလားအလာကောင်းသော   မျိုးဆက်သစ် လူငယ် အားကစား မောင်မယ်များအား ရွေးချယ်စုစည်းလေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့ကြက်တောင် အားကစား အဆင့်အတန်းကို မြှင့်တင်သွားရန်ရည်ရွယ်ကာ ယင်းပြိုင်ပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဝန်းရံခ