အာရှမြင်းစီးအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမလက်ရွေးစင် မြင်းစီးအားကစားသမား ရွေးချယ်ပွဲများ ကျင်းပမည်

အာရှမြင်းစီးအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမလက်ရွေးစင် မြင်းစီးအားကစားသမား ရွေးချယ်ပွဲများ ကျင်းပမည်

ရန်ကုန်  ဧပြီ  ၁၉

အာရှမြင်းစီးအားကစားအဖွဲ့ချုပ် Asian Equestrian Federation (AEF) မှကြီးမှူး၍ အိန္ဒိယနိုင်ငံတွင် မြင်းစီးအားကစားပြိုင်ပွဲများ   ကျင်းပမည်ဖြစ်ရာ  မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အိန္ဒိယနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ် (Equestrian Federation Of India) မှ  မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်သို့ ဖိတ်ကြားလာ၍ ယင်းပြိုင်ပွဲများအတွက် အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ကိုယ်စားပြု ပဏာမလက်ရွေးစင် အားကစားသမားရွေးချယ်ပွဲများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု ပဏာမလက်ရွေးစင် အားကစားသမားရွေးချယ်ပွဲကို စိတ်ပါဝင်စားသူများ အနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ ၃၀  ရက် နောက်ဆုံးထား၍  မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ထံသို့ စာရင်းပေးသွင်းကြရမည်ဖြစ်သည်။

အာရှမြင်းစီး အားကစားအဖွဲ့ချုပ်မှ ကျင်းပမည့်ပြိုင်ပွဲများတွင် အသက် ၂၁ နှစ်အောက်တန်းခုန်ပြိုင်ပွဲနှင့် အသက် ၂၁ နှစ်အောက် အလှစီးပြိုင်ပွဲများပါဝင်ကြောင်း၊ အသက် ၂၁ နှစ်အောက်တန်းခုန်ပြိုင်ပွဲအား ဟိုက်ဒရာဘာဒ်မြို့ရှိ ဆားဂျ်မြင်းစီးအားကစားကွင်း၌ အောက်တိုဘာလ ၁၂ ရက်မှ ၁၇ ရက်ထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမားများသည် အသက် ၁၄ နှစ်မှ ၂၁ နှစ်တွင်းရှိရမည်ဖြစ်ကာ တန်းအမြင့် 1.10-1.20 Meter သတ်မှတ်ထားသည်။

ထို့အတူ အလှစီးပြိုင်ပွဲအား ဒေလီမြို့ရှိ Army Polo and Riding Centre ၌ နိုဝင်ဘာလ ၂၈ ရက်မှ  ဒီဇင်ဘာလ ၁ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင် ကစားသမားများအား အသက် ၁၄ နှစ်မှ ၂၁ နှစ်အတွင်း ရှိရမည်ဟုသတ်မှတ်ထားကြောင်း၊ အသင်းဖွဲ့စည်းပုံအား အားကစားသမားလေးဦး၊ အသင်းနည်းပြတစ်ဦး၊ အသင်းအုပ်ချုပ်သူတစ်ဦး စုစုပေါင်းခြောက်ဦး သတ်မှတ်ထားကြောင်း  မြန်မာ နိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။

ဝန်းရံခ