စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ဘင်္ဂါလီလူမျိုးများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

 

စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ဘင်္ဂါလီလူမျိုးများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

နေပြည်တော်၊ ဧပြီ - ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ခန့်သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဘုမေဈေး လမ်းဆုံနေရာသို့ စုဝေးရောက်ရှိလာပြီး ၎င်းနေရာမှ မီးစက်အဝိုင်းပတ်နှင့် မေယုလမ်းမ ကြီးအတိုင်း ဝေသာလီကွင်းအနီးသို့ ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသည့် NUG ၊ AA သောင်းကျန်းသူ အလိုမရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုအလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ စစ်တွေမြို့ကိုကာကွယ်ကြ၊ လူနေရပ်ကွက်သို့ လက်နက်ကြီးနှင့် ပစ်တာရပ်” စသည့် စာသားများပါ ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်၍ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။