KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့က ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့က ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ - ၂၀

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တို့က နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်အနီး တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊ နယ်စပ်ဒေသရှိ နှစ်နိုင်ငံ ပြည်သူလူထုတို့အား ကြောက်ရွံ့ထိတ်လန့်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် လက်နက် ကြီးများဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်း တို့ ကို သာလွန်အင်အား အသုံးပြု၍ တိုက်ပွဲဖော်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက် ကြီးများပစ်ခတ်ခြင်း၊ Drop ဗုံးများပစ်ချတိုက်ခိုက်ခြင်းတို့ဖြင့် တိုက်ပွဲဖော်ဆောင်လာမှု အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်းပစ်ကူ ပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် အနောက်ဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။