ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ  ၂၀

    နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ   အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀  တင်ပို့ခဲ့သည်။        

    ထို့ပြင် ဧပြီလ ၂၁ ရက်တွင်   အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(AIPT-3)မှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀၊ ဧပြီလ ၂၂ ရက်တွင် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ နှင့် ဧပြီလ ၂၅ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၇၁၅၀ ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။