တောင်ကလေးပရိယတ္တိ ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်အား ဖူးမြော်ကြည်ညို

 

တောင်ကလေးပရိယတ္တိ ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်အား ဖူးမြော်ကြည်ညို

 

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၉ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေး ပရိယတ္တိ ပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တ ပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား  သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာရေးဆိုင်ရာများနှင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး တောင်ကလေးပရိယတ္တိ   ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။