ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပ

 

ပဲခူး  ဧပြီ  ၂၀

    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍  ပဲခူးမြို့  ဆေးရုံဟောင်း လမ်းပေါ်ရှိ  စတုတ္ထအကြိမ်မြောက်  နှစ်သစ်ကူးတရား အလှူတော်     ဓမ္မသဘင် တတိယနေ့အား ဧပြီလ ၁၉ ရက် ညပိုင်း၌ ကျင်းပသည်။

အဆိုပါ နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်သို့  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊    မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဝတ်ရွတ်အသင်းများ၊ တရားနာ ပရိသတ်များ   တက်ရောက်ကြည်ညိုခဲ့ကြပြီး ပဲခူးမြို့ သာသနာ့ဇောတိက စာသင်တိုက်   သာသနာ့ဓဇဓမ္မာစရိယ   မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။     

 ထို့နောက် သာသနာ့ဇောတိက စာသင်တိုက်  သာသနာ့ဓဇဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတ ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှအတမ်း ပေးဝေခဲ့ကြကာ   စတုတ္ထအကြိမ်မြောက်  နှစ်သစ်ကူးတရားအလှူတော်ဓမ္မ သဘင်ပွဲအား ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  ပဲခူးမြို့  ဆေးရုံဟောင်း လမ်းပေါ်ရှိ  စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်အား ဧပြီလ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တိုင်တိုင် အေးချမ်းအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။