အီတလီက တရားမဝင်ဗလီများ ပေါများလာခြင်းအတွက် စိုးရိမ်နေ

 

အီတလီက တရားမဝင်ဗလီများ ပေါများလာခြင်းအတွက် စိုးရိမ်နေ

 

    အီတလီအစိုးရက  နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် များပြားလာသည်နှင့်အမျှ တရားမဝင်ဗလီများ ပေါများလာခြင်းအတွက် စိုးရိမ်နေကြောင်းသိရသည်။

အဆိုပါနေရာများမှ တစ်ဆင့် အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုဝါဒများ ကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့များက ရောမမြို့အတွင်းရှိ တရားမဝင်ဗလီနေရာ ၅၃ ခုကို စောင့်ကြည့်နေသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ရောမမြို့အတွင်း    မူဆလင်ဘာသာဝင် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးပွားလာသည်နှင့်အမျှ  ကုန်လှောင်ရုံများ၊ ကားဂိုဒေါင်များ၊ တိုက်ခန်းများနှင့် မြေအောက်ခန်းများတွင် ဗလီများ ဖွင့်လှစ်မှု များပြားလာခြင်းဖြစ်သည်။

အဆိုပါလျှို့ဝှက်ဝတ်ပြုရာ နေရာများသည် ဘာသာရေး အစွန်းရောက်မှုများကို ဖြစ်ပေါ်စေသောနေရာ၊ တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားများ ထွက်ပေါ်လာစေသော နေရာများဖြစ်သည်ဟု II Tempo  သတင်းစာက ဖော်ပြထားသည်။

ထို့ပြင် စောင့်ကြည့်ခံနေရသော တရားမဝင်ဗလီ အရေအတွက်သည်  လွန်ခဲ့သောနှစ် ၃၀ ကထက် နှစ်ဆပိုမိုများပြား လာကြောင်း အီတလီပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းစာက ဆက်လက်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင်   တရားမဝင် ဝတ်ပြုရာနေရာစုစုပေါင်း အခု ၁၀၀ ကျော်ရှိလာကြောင်းနှင့်     ရောမမြို့သည် အစ္စလမ်ဘာသာဝင်များ၏   မြို့တော်အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိလာနေကြောင်း သတင်းစာက ဖော်ပြထားသည်။

အီတလီနိုင်ငံသည် အာဖရိကနှင့် အာရှဒေသတို့ရှိ  မူဆလင်အများစု နေထိုင်ရာနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူအတွက် အဓိကဥရောပ တစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။