သရက်မြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

 

သရက်မြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

 

သရက် ဧပြီ ၂၀

    မကွေးတိုင်းဒေသကြီး သရက်မြို့နယ် အတွင်းရှိ ပိတောက်ပင်ကျေးရွာ၊ မုဆိုးရင်ကျေးရွာတို့တွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးသည်အထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် သင်ကြားနေသည့် စာသင်ဝိုင်းများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၈ နာရီက ကြည့်ရှုအားပေးကာ နည်းပြများအတွက်  ထောက်ပံ့ငွေကျပ် ၂၈ သိန်းကို ပေးအပ်ခဲ့သည်။

စာတတ်မြောက်ရေး  မြှင့်တင်နိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအခြေခံ စာစဉ်များ သင်နည်းလမ်းညွှန် ၂၀၂၄ ခုနှစ်မှ အခြေခံ(သင်္ချာ)၊ အခြေခံ(မြန်မာစာ) စသည်များ သင်ကြားပေးလျက်ရှိသည်။

အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများအား သရက်မြို့နယ် အတွင်းရှိ ကျေးရွာ ၂၄ရွာတွင် စာသင်ဝိုင်း ၂၄ ဝိုင်း၊ လူဦးရေ ၃၆၂ ဦးကို နည်းပြ ၂၄ ဦး၊ ကြီးကြပ်သူလေးဦး၊ အဆင့်မြင့် ကျောင်းသားနှစ်ဦး စုစုပေါင်း ၃၀ ဦးတို့က ဧပြီလ ၆ ရက်မှ မေလ ၁၅ ရက်ထိ  ရက်ပေါင်း  ၄၀  ကြာ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။