ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နေပြည်တော် လူရည်ချွန် စုရပ်စခန်းသို့သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

 

ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နေပြည်တော် လူရည်ချွန် စုရပ်စခန်းသို့သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၁

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော် လူရည်ချွန်စုရပ်စခန်း သို့သွားရောက် မည့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ  တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ  ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက  ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီး မြင့်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား တာဝန်ရှိသူများမှ လက်ခံရယူကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။