ကျွန်းစုမြို့နယ်၌ ကျောင်းသား ကျောင်းသူလူငယ်များအတွက် တိုက်ကွမ်ဒို သင်တန်းဖွင့်လှစ်

 

ကျွန်းစုမြို့နယ်၌ ကျောင်းသား ကျောင်းသူလူငယ်များအတွက် တိုက်ကွမ်ဒို သင်တန်းဖွင့်လှစ်

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ နယ် အမျိုးသမီးရေးရာ အဖွဲ့မှ  ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊  ဉာဏ၊  စာရိတ္တ  ကောင်းမွန်စေရေးအတွက်  အထောက်အကူပြုစေရန် တိုက်ကွမ်ဒိုသင်တန်းကို ဧပြီလ ၂၀ ရက်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျွန်းစုမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးအောင်စိန်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက်   မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန နည်းစနစ်မှူး ဦးဖြိုးဝေလင်းက တိုက်ကွမ်ဒိုအားကစားနည်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုက်ကွမ်ဒို အားကစားနည်း အမျိုးမျိုးကို သရုပ်ပြသည်။

အဆိုပါ သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်မှ ၂၆ ရက်အထိ ခုနစ်ရက်ကြာမြင့် မည်ဖြစ်ပြီး   မြို့ပေါ်ရပ်ကွက် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလူငယ် ၂၇ ဦး တက်ရောက်ကြကြောင်း သိရသည်။