ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြသစ်အဖြစ် သတင်းများ ထွက်ပေါ်နေသည့် နည်းပြဇီဒန်းက မန်ယူအသင်း၏ အခြေအနေကိုလည်း စောင့်ကြည့်လျက်ရှိ

 

ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြသစ်အဖြစ် သတင်းများ ထွက်ပေါ်နေသည့် နည်းပြဇီဒန်းက မန်ယူအသင်း၏ အခြေအနေကိုလည်း စောင့်ကြည့်လျက်ရှိ

 

နည်းပြဇီဒန်းသည် ဘိုင်ယန်မြူးနစ်အသင်း နည်းပြ သစ်အဖြစ် ရေပန်းစားနေသော်လည်း မန်ယူအသင်း ၏ အခြေအနေများကို  စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းက   နည်းပြ တန်ဟတ်မခန့်အပ်မီ ကတည်းက နည်းပြဇီဒန်းကို နည်းပြသစ်ခန့်အပ်နိုင်ရန် ကြိုးပမ်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နည်းပြ ဇီဒန်းက   မန်ယူအသင်း တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု အားနည်းချက်များနှင့်  ကစားသမားခေါ်ယူရာတွင် လိုအပ်ချက်များကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ယခုဘောလုံးရာသီ အကုန်တွင် နည်းပြ တူချယ်လ်နှင့်လမ်းခွဲမည့် ဘိုင်ယန်မြူးနစ် အသင်းက နည်းပြသစ်အဖြစ်  ဇီဒန်းကို  ခန့်အပ်ရန် ကမ်းလှမ်းခဲ့ရာ    အကြိုသဘောတူညီမှု ရရှိခဲ့ပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုများပြုလုပ်ရန်သာ ကျန် ရှိတော့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နည်းပြဇီဒန်းက မန်ယူအသင်း၏ အခြေအနေကို စောင့်ကြည့်နေပြီး ယခုဘောလုံးရာသီအကုန်တွင် တစ်သင်း ကို ရွေးချယ်သွားဖွယ်ရှိနေသည်။

မန်ယူအသင်း၏ ပူးတွဲအသင်းပိုင်ရှင် ရက်ကလစ် က အသင်း၏ အားကစားဆိုင်ရာ  လုပ်ငန်းအားလုံး ဦးဆောင်လုပ်ကိုင်ခွင့် ရရှိထားသည့်အတွက် လက်ရှိတွင် အမှုဆောင်အရာရှိချုပ်၊ ဘောလုံးဒါရိုက်တာသစ် တို့ကို ခန့်အပ်ထားပြီး အားကစားဒါရိုက်တာသစ်ကို လည်း   မကြာမီခန့်အပ်နိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။

ရက်ကလစ်က   ယခုဘောလုံးရာသီအကုန်တွင် အသင်းမှကစားသမား အများစုကိုရောင်းချပြီး ကစားသမားသစ်များဖြင့် အသင်းကိုဖွဲ့စည်းရန် ပြင်ဆင်နေ သကဲ့သို့ နည်းပြတန်ဟတ်ကိုပါ ရာထူးမှထုတ်ပယ်သွား ဖွယ်ရှိနေသည်။

နည်းပြဇီဒန်းကလည်း ရက်ကလစ် ဦးဆောင်လာမည့် မန်ယူအသင်းဘုတ်အဖွဲ့၏ အခြေအနေကို စောင့်ကြည့်နေပြီး ၎င်းငစိတ်ကြိုက်ဖြစ်နိုင်ပါက မန်ယူအသင်းကိုလည်း ရွေးချယ်သွားဖွယ် ရှိနေကြောင်း သိရသည်။