ဖိလစ်ပိုင်၌ အမေရိကန်စစ်သည် ၁၁၀၀၀ ကျော် ရောက်ရှိနေစဉ် အမျိုးသမီးထုကြီးက သတိပေးချက် ထုတ်ပြန်

 

ဖိလစ်ပိုင်၌ အမေရိကန်စစ်သည် ၁၁၀၀၀ ကျော် ရောက်ရှိနေစဉ် အမျိုးသမီးထုကြီးက သတိပေးချက် ထုတ်ပြန်

 

    ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်စစ်သည် ၁၁၀၀၀ ကျော် ရောက်ရှိနေစဉ် ဖိလစ်ပိုင် အမျိုးသမီးထုကြီးက ဧပြီလ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အမေရိကန်စစ်သည်   ၁၁၀၀၀ ကျော်သည် ဖိလစ်ပိုင်စစ်သည် ၅၀၀၀ ကျော်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ရန် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါနှစ်နိုင်ငံမှ စစ်သည်များ အနေဖြင့် ဧပြီလ ၂၂ ရက်မှ မေလ ၁၀ ရက်အထိ ဘာလီကာတန် အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ကြောင့် စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ရာ နေရာအနီးရှိ  အမျိုးသမီးများ အနေဖြင့် ပြည့်တန်ဆာကို စော်ကားမှုများ၊ လိင်ပိုင်းဆိုင်ရာ  စော်ကားမှုများအပြင် အမျိုးသမီးများနှင့် ပတ်သက်သည့် အခြားသော ပြစ်မှုများဖြစ်ပွားမှု မြင့်တက်လာနိုင်ကြောင်း ဂါဘရီယယ်လာ အဖွဲ့မှ အတွင်းရေးမှူးချုပ် ကလဲရစ်ပါစီက ပြောသည်။

ထို့ပြင် နှစ်နိုင်ငံကြား ချုပ်ဆိုထားသည့် အလည်အပတ်လာသော တပ်ဖွဲ့များ သဘောတူညီချက်၊ ကာကွယ်ရေး  ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး သဘောတူညီချက်ကဲ့သို့သော စစ်ဘက်ဆိုင်ရာ သဘောတူညီချက်များက မျှတမှုမရှိကြောင်း၊ ထိုသဘောတူညီချက်များသည် အမေရိကန် စစ်သည်များကို ရာဇဝတ်မှုကျူးလွန်ရန်၊ ဖိလစ်ပိုင်နိုင်ငံသားများကို အနိုင်အထက်ပြုရန်နှင့် ထိုသို့လုပ်ဆောင်ပါကလည်း   ဖိလစ်ပိုင် ဥပဒေအရ အရေးယူခြင်း မပြုနိုင်ရန် ကာကွယ်ပေးထားသည်ဟု ၎င်းကဆက်ပြောသည်။

အလားတူ အမေရိကန်၏ နယ်ချဲ့စစ်ပွဲများအတွင်းသို့ ဖိလစ်ပိုင်နိုင်ငံသားများကို ဆွဲခေါ်ခွင့်မပြုသင့်ကြောင်းနှင့် ဖိလစ်ပိုင် အမျိုးသမီးများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို နင်းချေမှုများအတွက် တာဝန်ခံရခြင်းမှ လွတ်မြောက်ခွင့် မပေးသင့်ကြောင်း ကလဲရစ်ပါစီကပြောထားသည်။