ဘာလီသို့လာသည့်ပြည်ပ ခရီးသွားများ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေး ထိုးရန် အစိုးရတောင်းဆို

 

ဘာလီသို့လာသည့်ပြည်ပ ခရီးသွားများ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေး ထိုးရန် အစိုးရတောင်းဆို

 

အင်ဒိုနီးရှားနိုင်ငံ  ဘာလီကျွန်းသို့ အလည်အပတ်လာသည့် ပြည်ပခရီးသွားများ အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးရန် ဒေသတွင်း အစိုးရက တောင်းဆိုလိုက်ကြောင်း သိရသည်။

နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမြင့်တက်နေစဉ် ဘာလီကျန်းမာရေး ဌာနက ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို မထိုးမနေရ တောင်းဆိုခြင်းမဟုတ်ကြောင်း၊ သို့သော် ဧည့်သည်များအနေဖြင့် ကျန်းကျန်းမာမာဖြင့် ပြန်သွားနိုင်ရေးအတွက် ကာကွယ်ဆေးထိုးရန် တောင်းဆိုခြင်းသာဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

“သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ဧည့်သည်များသာမက ဒေသခံပြည်သူများကလည်း ထိုးနှံသင့်ပါတယ်။ ဒါမှသာ ရောဂါကူးစက်မှု မခံရမှာပါ” ဟု ၎င်းကပြောသည်။

ဘာလီကျွန်းသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မည်မျှရှိသည်ဟု  စာရင်းအတိအကျ မရှိသော်လည်း   ယခုနှစ်ဇန်နဝါရီလမှ ဧပြီလအတွင်း ရောဂါဖြစ်ပွားသူ ၄၁၇၇ ဦးနှင့် သေဆုံးသူ ငါးဦးရှိကြောင်း သိရသည်။