တောင်ကိုရီးယား၌ ရွှေအရောင်းအဝယ်ဖြစ်မှုပမာဏ သိသိသာသာ မြင့်တက်

 

တောင်ကိုရီးယား၌ ရွှေအရောင်းအဝယ်ဖြစ်မှုပမာဏ သိသိသာသာ မြင့်တက်

 

အရှေ့အလယ်ပိုင်းဒေသ၌ မတည်ငြိမ်မှုများနှင့် တင်းမာမှုများ ဖြစ်ပွားနေသော်လည်း တောင်ကိုရီးယား နိုင်ငံအတွင်း   ရွှေအရောင်းအဝယ်ဖြစ်မှုပမာဏ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။

ယခုသီတင်းပတ်အကုန်အထိ တောင်ကိုရီးယားနိုင်ငံ၌ နေ့စဉ်အရောင်းအဝယ်ဖြစ်သော ပမာဏမှာ ဝမ် ၁၆ ဒသမ ၉ ဘီလီယံ အထိရှိသည်။

မတ်လအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ  ဝမ် ၆ ဒသမ ၈၆ ဘီလီယံသာရှိသောကြောင့် ယခုလအတွင်း ရွှေအရောင်းအဝယ် သိသိသာသာမြင့်တက် လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၁ ကီလိုဂရမ်ရှိ ရွှေချောင်းတစ်ချောင်း၏ တန်ဖိုးမှာ ၁၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၀၀ ဂရမ်ရှိရွှေတုံး၏ တန်ဖိုးမှာ ၁၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာသည်ကို   တွေ့ရသည်။

အရှေ့အလယ်ပိုင်းဒေသ၌ မတည်ငြိမ်မှု အခြေအနေသည် အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက်မြင့်တက် နေမည်ဖြစ်သောကြောင့် ထိုအခြေအနေသည် ကမ္ဘာ့ရေနံဈေးနှုန်း အတက်အကျကို ကြီးကြီးမားမား ဖြစ်စေနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက   သေချာမှုရှိသည့် ရွှေဘက်ကို ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဈေးကွက် သုတေသီတစ်ဦးက ပြောထားသည်။