မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော် ဧပြီ ၂၁

     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက် ညနေ ၃ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံ(အာခါ) ကျေးရွာရှိ မနာဟဲ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု စခန်းသာကျေးရွာရှိ ဒါယေလှ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီလ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ မမီချူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀ ကို လည်းကောင်း။ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် လားရှိုးမြို့နယ်ခါးသျှိ ကျေးရွာအုပ်စု ခါးသျှိကျေးရွာအနီးတွင် ဝူပေါင်းချောက်(ခ)စိန်နိုင်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။