နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် မိသားစုဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက နယ်မြေခံတပ်နယ်ခန်းမအသီးသီး၌ သွား ရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် သည်။

ယင်းနောက် နယ်မြေခံတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဆေးရုံ တက်ရောက်ရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက် ကုသနိုင်ရေး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။