လှိုင်သာယာမြို့နယ်များနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဒုတိယ မြို့တော်ဝန် ဦးညီညီ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လှိုင်သာယာမြို့နယ်များနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဒုတိယ မြို့တော်ဝန် ဦးညီညီ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  ဧပြီ  ၂၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည်  အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၇)ရပ်ကွက်   ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊   ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင်ရှေ့ ရေကန်တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ရေကန်ပတ်လည် စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင် များနှင့် ယိုးဒယားဘဲစားမြက်များ စိုက်ပျိုးထားရှိမှု၊ မြေယာရှုခင်းဆောင်ရွက်ထားမှု၊ အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရေကန်အတွင်း ရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ် နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းသုံးခုမောင်းနှင်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၃)ရပ်ကွက် မင်းရဲကျော်စွာ(၁၀)လမ်း ကွန်ကရစ်ခင်းကျင်းနေမှု၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ   ဘုရင့်နောင်တံတားအမှတ်(၁)အနီး ရန်ကုန်-ပုသိမ်လမ်း တောင်ဘက်ခြမ်း ရေစုကန်ရေမြောင်းမှ ညောင်ချောင်းရေတံခါးသို့ အုတ်ရေမြောင်း တည်ဆောက်နေမှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)