ကြက်တောင်ဝါသနာရှင်များအတွက် STT Complex Grand Opening Cup 2024 ကြက်တောင်ပြိုင်ပွဲ ကျင်းပမည်
ရန်ကုန် ဧပြီ ၂၂
မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် STT Complex မှ ကြက်တောင်ဝါသနာရှင်များ အတွက် စီစဉ်ကျင်းပမည့် STT Complex Grand Opening Cup 2024 ကြက်တောင်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် သာမန်တန်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ (Men Double)၊ သာမန်တန်းအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ (Women Double)၊ သာမန်တန်း အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ (Mix Double)၊ ဝါသနာရှင်တန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ(Men Double)၊ ဝါသနာရှင်တန်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ(Women Double)၊ ဝါသနာရှင်တန်း အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ(Mix Double)များ ပါဝင်မည်ဖြစ်သည်။
ပြိုင်ပွဲအား ၂၀၂၄ ခုနှစ် ဧပြီလ၂၇ ရက်မှ ၂၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဆုကြေးများအဖြစ် သာမန်တန်းပြိုင်ပွဲများအတွက် ပထမဆုငွေကျပ် ရှစ်သိန်း၊ ဒုတိယဆုငွေကျပ်ခြောက်သိန်းနှင့် တတိယဆုနှစ်ဆုအတွက် တစ်ဆုလျှင် ငွေကျပ် သုံးသိန်းစီ၊ ဝါသနာရှင်တန်းအတွက် ပထမဆုငွေကျပ်ခြောက်သိန်း၊ ဒုတိယဆု ငွေကျပ်လေးသိန်းနှင့် တတိယဆုနှစ်ဆုအတွက် တစ်ဆုလျှင်ငွေကျပ် နှစ်သိန်းစီ ချီးမြှင့်သွားမည့်အပြင် မိတ်ဖက်လုပ်ငန်းရှင် ကုမ္ပဏီများမှလည်း ဆုလက်ဆောင်များ ထပ်မံချီးမြှင့်မည်ဖြစ်သည်။
ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း၀၉-၂၆၆၈၈၄၉၉၆၊ ဖုန်း ၀၉-၇၇၂၉၉၈၀၄၇ နှင့် ဖုန်း ၀၉-၇၉၁၆၀၉၉၉၁ တို့သို့ ဆက်သွယ်မေးမြန်နိုင်ကြောင်း သိရသည်။