လေဗာကူဆင်အသင်း ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီးနောက် ရွှေဖလား ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းမွန်နေ
ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနှင့် လေဗာကူဆင်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် လေဗာကူဆင်အသင်းက အချိန်ပိုသွင်းဂိုးဖြင့် သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့သည့်အပြင် ရွှေဖလားဆွတ်ခူးနိုင်ရန် အခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။
လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီ၌ နည်းပြအလွန်ဆို လက်အောက်တွင် ပုံစံကောင်းပြသ လျက်ရှိကာ ဒေါ့မွန်အသင်းနှင့် ကစားသည့်ပွဲစဉ် အပြီးတွင် ပြိုင်ပွဲစုံ ၄၅ ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်သည့်အပြင် တစ်ရာသီအတွင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ရွှေဖလားဆုအတွက်လည်း အလားအလာ ကောင်းမွန်လျက်ရှိသည်။
လေဗာကူဆင်အသင်းသည် ဒေါ့မွန်အသင်းနှင့် ပွဲစဉ်မတိုင်မီကတည်းက ချန်ပီယံဆု ဆွတ်ခူးထားပြီးဖြစ် သော်လည်း သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ်များဖြစ်သည့် စတုဂတ်အသင်း၊ ဖရန့်ဖက်အသင်း၊ ဘိုချမ်အသင်း၊ အော့စ်ဘတ်အသင်းတို့နှင့် ပွဲစဉ်များတွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်မည်ဆိုပါက တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ရွှေဖလားဆွတ်ခူးနိုင်မည်ဖြစ်သည်။
ထို့ပြင် လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ထားပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ရန် ရေပန်းစားနေ ကြောင်း သိရသည်။