ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

ရန်ကုန်၊ လူမှုရေး

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)  ၌ စာကြည့်တိုက် ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ဧပြီလ ၂၂ ရက်က ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ   တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့် တိုက်ပညာလုပ်ငန်းစတင်ပေါ်ပေါက်လာ ပုံနောက်ခံသမိုင်းကြောင်းများ၊ စာကြည့် တိုက်စီမံခန့်ခွဲမှုစနစ်များ၊ ဒစ်ဂျစ်တယ် တတ်မြောက်မှုနှင့် သတင်းအချက်အလက် ရယူမှု၊ ဆက်သွယ်ရေးနည်းပညာနှင့် သတင်းအချက်အလက် ဆိုင်ရာနည်းပညာ များ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေမှုကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများ ထိရောက်မှုရှိ လာပြီး စာကြည့်တိုက်များ၏ အခန်းကဏ္ဍ  အရေးပါလာပုံအကြောင်း တို့ကို ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါက်တာဒေါ်ခင်လေးစိုးက စာကြည့်တိုက်မှူးများအား စာကြည့်တိုက် ဝန်ဆောင်မှုဆောင်ရွက်ရမည့် အခြေအနေများ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်   ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က သင်တန်း ဖွင့်လှစ်ရခြင်း ၏  ရည်ရွယ်ချက်နှင့်  သင်တန်းစည်းကမ်းများကို ပြောကြားကြောင်း သိရသည်။

 ချမ်းမြေ့