တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

တောင်ငူ၊ လူမှုရေး

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၂ ရက်က ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက အမှာစကားပြောကြားပြီး Sweet Family ကိုယ်ပိုင်အထက်တန်း ကျောင်းမှ သင်တန်း နည်းပြဆရာ ဦးစော ဂျရုန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းကိုဖွင့်လှစ် သင်ကြားပေး သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးစောဂျရုန်းက အခြေခံအင်္ဂလိပ်စာ (Speaking Grammar ၊ Reading) ဘာသာရပ်များကို ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ယင်းသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့