ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်း

နေပြည်တော်  ဧပြီ  ၂၃

ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်များအဖြစ် သွားရောက်၍ ရရှိခဲ့သည့် အတွေ့အကြုံများ ရှင်းလင်း တင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် e-government ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင် တို့က တရုတ် ပြည်သူ့သမ္မတနိုင်ငံ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၁၅)ကြိမ်မြောက် မကာအို ခရီးသွား လုပ်ငန်းအင်စတီကျူ့နှင့်  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်  ၂၀၂၃ သို့တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို ဆွေးနွေးတင်ပြ ကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များကို  မေးမြန်း ဖြေကြားခြင်း များ ဆောင်ရွက်ကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်လာ စေရေးအတွက် ပြည်တွင်း/ပြည်ပနိုင်ငံများရှိ သင်တန်း၊ အစည်းအဝေးများနှင့် နိုင်ငံတကာပြပွဲများသို့ စေလွှတ်တက်ရောက်စေလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေနှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်း လဲလာသည့်   အခြေအနေများကို သိရှိနားလည်ကြရန်  လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များကို လေ့လာမှတ်သားပြီး မိမိနိုင်ငံနှင့် ကိုက်ညီမှုရှိသည်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်၌ မိုက်စ်(MICE)ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ- ပုဂ္ဂလိက-အသင်းအဖွဲ့များ     ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍပုံရိပ်ကို နိုင်ငံတကာမှ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်း ကြိုးစားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)