တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၂၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ   ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကျောက်ကျောဖာ(၅၀)နှင့် အုန်းသီးအမှုန့် (၁၂၀)အိတ်အပါအဝင် ကုန်ပစ္စည်း(၁၇)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၇၂၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်း ကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊  လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်  မင်္ဂလာဒုံမြို့နယ်၊ မြို့ရှောင်လမ်းအနီး၌ လိုင်စင်မဲ့  Toyota Kluger မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် လားရှိုး-တန့်ယန်း လမ်းခွဲ အနီး၌ ချင်းရွှေဟော်မှ လားရှိုးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် JIANGHE ဆပ်ပြာမှုန့် (၁၇၅၅)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၇၂၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၂၇၂၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည် တစ်ခုအတွင်းမှ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ငှက်သိုက်(အကြမ်း) (၈.၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၂ ရက်တွင် မင်းတုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီဂါလန် (၄၀)၊ ဒီဇယ်ဆီ (၂၄)ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၈၅၆၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Luojia 110 မော်တော် ဆိုင်ကယ်(၁)စီးနှင့် New Zhineng Smash 110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၉၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဧပြီလ ၂၃ ရက်တွင် မင်းတုန်းမြို့နယ်နှင့် မင်းလှမြို့နယ်၌ တရားမဝင် စက်သုံးဆီဓာတ်ဆီ (၃၈)ဂါလန် (ခန့်မှန်းတန်ဖိုးငွေ ကျပ်  ၄၆၁၂၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Luojia 125 မော်တော် ဆိုင်ကယ် (၁)စီးနှင့် Kenbo 125 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မင်းတုန်းမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့၌ လိုင်စင်မဲ့ Kenbo 125 မော်တော်ဆိုင်ကယ်(၁)စီး၊ Dayan 110 မော်တော်ဆိုင်ကယ်(၁)စီး၊ XEROS 110 မော်တော်ဆိုင်ကယ် (၁)စီးနှင့် Luojia 110 မော်တော်ဆိုင်ကယ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်နှင့် မင်းဘူး ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၅၄၃)တန်၊ အခြားသစ် (၁၇ ဒသမ ၀၃၉)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၃၁၆၄၅)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၃၇၈၄၄၅)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ကော့သောင်းမြို့နယ်၌ လိုင်စင်မဲ့  Honda Dream 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့် Honda Insight မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြိတ်မြို့နယ်၌ တရားမဝင် အခြားသစ် (၇.၄၃၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၅၆၄၀)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၁၅၆၄၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၉)မှု၊ (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၉၅၉၉၀၅၈၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)