လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်ကို ရောင်းချမည် မဟုတ်ကြောင်း လေဗာကူဆင်အသင်း အမှုဆောင်အရာရှိချုပ် ကာရိုအတည်ပြု

 

လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်ကို ရောင်းချမည် မဟုတ်ကြောင်း လေဗာကူဆင်အသင်း အမှုဆောင်အရာရှိချုပ် ကာရိုအတည်ပြု

 

    လေဗာကူဆင်အသင်း အမှုဆောင်အရာရှိချုပ် ကာရို က အသင်းမှ လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်ကို မည်သည့်ပြောင်းရွှေ့ကြေးဖြင့်  ကမ်းလှမ်းလာပါစေ ရောင်းချမည်မဟုတ်ကြောင်း  အတည်ပြု ပြောကြားခဲ့ သည်။

အသက်  ၂၀  အရွယ်  လူငယ်ကွင်းလယ်ကစားသမား  ဖလိုရီယန်ဝက်ဇ်သည်  လေဗာကူဆင်အသင်း အကယ်ဒမီထွက်  ကစားသမားတစ်ဦးဖြစ်ပြီး   ၂၀၂၀ ပြည့်နှစ်က   အသင်းနှင့်   ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင်ပါဝင် ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီမှစ၍ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ဖလိုရီယန်ဝက်ဇ်သည်   ယခုဘောလုံးရာသီတွင်လည်း လေဗာကူဆင် အသင်းနှင့်အတူ ရှုံးပွဲမရှိစံချိန် ရရှိထားပြီး ဂျာမန်ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူး နိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးများက အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လျက် ရှိသည်။

အစောပိုင်းက လေဗာကူဆင်အသင်း အမှုဆောင် အရာရှိချုပ် ကာရိုက ဖလိုရီယန်ဝက်ဇ်ကို ခေါ်ယူလိုသည့် အသင်းများအနေဖြင့်   အနည်းဆုံးပြောင်းရွှေ့ ကြေး ယူရို သန်း ၁၅၀ ဖြင့် ကမ်းလှမ်းရမည်ဟု ပြောကြားခဲ့သော်လည်း   ဒေါ့မွန်အသင်းနှင့် ပွဲအပြီးတွင် လုံး၀ ရောင်းချမည်မဟုတ်ဟု အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။