ကျောင်းသားကျောင်းသူများ ကာယ ဉာဏ စာရိတ္တကောင်းမွန်စေရေး အထောက်အကူပြုစေမည့် မြန်မာ့သိုင်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး

 

ကျောင်းသားကျောင်းသူများ ကာယ ဉာဏ စာရိတ္တကောင်းမွန်စေရေး အထောက်အကူပြုစေမည့် မြန်မာ့သိုင်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး

 

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်ရှိ  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌  ကျောင်းသား၊   ကျောင်းသူများ ကာယ၊ ဉာဏ၊  စာရိတ္တကောင်းမွန်စေရေး   အထောက်အကူပြုစေမည့်  မြန်မာ့သိုင်း သင်တန်းကို ဧပြီလ ၂၃ ရက်မှစ၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

မြန်မာ့သိုင်းသင်တန်းသို့ ကျောက်ဆည် မြို့နယ်ရှိ   အခြေခံပညာ အထက်တန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ  ၁၅  ဦး  တက်ရောက်ခဲ့ပြီး   သင်တန်းကို ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ သင်ကြားပေးလျက်ရှိသည်။

ကျောက်ဆည်ခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် မြန်မာ့သိုင်းသင်တန်းအပြင် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာ

သင်တန်း၊  အခြေခံစာစီစာကုံး ရေးသားနည်းသင်တန်း၊ အခြေခံကဗျာ ရေးစပ်နည်း သင်တန်းများ    ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခြေခံကွန်ပျူတာ သင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။