နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်မင်္ဂလာပြုလုပ်

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်မင်္ဂလာပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၂၄

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီ ၂၃ ရက်နှင့် ယနေ့တို့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွှေဗျိုင်းအင်းတောရကျောင်းတိုက်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ ရွှေဗျိုင်းအင်းတောရကျောင်းတိုက်ရှိ မောစေရဓမ္မာရုံ၌ ရဟန်း ၄၄ ပါး နှင့် ရှင်သာမဏေ ၁၆ ပါးတို့ကို ဆံချမင်္ဂလာပြုလုပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ရွှေဗျိုင်းအင်းတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တိလောကာ လင်္ကာရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား သင်္ကန်းဆီးပေးကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီး မြှင့်ပေးပြီး သိမ်ထွက် ရဟန်းသံဃာများအား သိမ် ဆွမ်းလောင်းလှူကြသည်။

ယင်းနောက် ယနေ့နံနက်ပိုင်းတွင် စုပေါင်းရဟန်းခံ၊ ရှင်ပြုရေစက်ချ အလှူတော်မင်္ဂလာကို ရွှေဗျိုင်းတောရကျောင်းတိုက်၊ မောစေရဓမ္မာရုံ၌ ဆက်လက် ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ရွှေဗျိုင်းအင်း တောရကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညို၍ ဝတ္ထုငွေ များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေဗျိုင်းအင်းတောရ ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ကြည်ညိုကြပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။