ပြည်ထောင်စုရာထူးဝန် အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပြည်ထောင်စုရာထူးဝန် အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် ဧပြီ ၂၄

    ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်သည့်  ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊  ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့်ဦးကျော်မျိုးထွဋ်၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်   နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များမှ   ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌက ပြည်ထောင်စုရာထူးဝန်  အဖွဲ့အနေဖြင့် နိုင်ငံတော်၏  အုပ်ချုပ်ရေးယန္တရားတွင် အဓိကတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ရေး၊ လေ့ကျင့်သင်ကြားရေး၊ စည်းမျဉ်းစည်းကမ်းများ၊ တည့်မတ်ရေး ကဏ္ဍများတွင် နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ကို    တာဝန်ခံဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ လေ့ကျင့် သင်ကြားရေးအတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် နိုင်ငံ့ဝန်ထမ်းအားလုံး အဆင့်အလိုက်၊ ကဏ္ဍအလိုက်   လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး   နိုင်ငံ့အကျိုးကို ရှေးရှု၍ ပြည်သူလူထုကို  အလုပ်အကျွေး ပြုနိုင်ရေးရည်ရွယ်ပြီး လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ရာထူးဝန်အဖွဲ့၏ ရွေးချယ်ရေးနှင့် ရာထူးတိုးမြှင့်ရေး လုပ်ငန်းစဉ်များသည်လည်း    နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ် ခိုင်မာအားကောင်းလာစေရေး၊  အစိုးရ၏  မူဝါဒများအား အကောင်အထည်ဖော်ရာတွင်  ရုံးလုပ်ငန်း များတွင် ခါးဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ အဓိကလုပ်ငန်း တာဝန်များ အောင်မြင်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို     ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မ ှချမှတ်ထားသောမူဝါဒ၊ လုပ်ငန်းစဉ်များအပေါ်   အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ အားနည်းချက်၊ အားသာချက်များကို ဦးတည်၍ သုံးသပ်ဆွေးနွေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၃ - ၂၀၂၄  ဘဏ္ဍာနှစ်အတွင်း  လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု၊ လက်ရှိ  ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်  လုပ်ငန်းများ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေအနေများနှင့်   ရှေ့ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။