တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၂၄

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့ပင်လယ်ပြင် တနင်္သာရီရေပိုင်နက် အတွင်း ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှ ဖမ်းဆီးရမိခဲ့ပြီး   ဗိုလ်တထောင်မြို့နယ် ရဲစခန်းသို့အပ်နှံခဲ့သည့် တရားမဝင်သစ် တင်ဆောင်လာသည့် ရေယာဉ်(၁)စင်းပေါ်မှ တရားမဝင်ကျွန်းသစ်(၁၁၀ ဒသမ ၃၁၃)တန်၊ အခြားသစ် (၁၀၅ ဒသမ ၆၀၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၈၉၆၄၄၈)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် MV   ရွှေမေတ္တာရေယာဉ်(သံကိုယ်ထည်) (၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၀၀၀၀၀၀၀၀)ကို  သစ်တောဥပဒေအရ လည်းကောင်း၊ ရွာသာကြီး Dry Port  ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ခရီးဆောင်အိတ် ၅၀ လုံးအပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၆၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga TractorHead  (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၅၇၀၅၆၄၄၈)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၃ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၀၂၁)တန်၊ သစ်မာ(၄ ဒသမ ၈၇၄) တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၃၃၂၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၃ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်   မော်လမြိုင်ခရိုင်၊ ကျိုက်ထိုခရိုင်နှင့် သထုံခရိုင်တို့ အတွင်း၌ တရားမဝင် အခြားသစ် (၄ ဒသမ ၉၄၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၁၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ်  Lenovo   Laptop (Used) ၂၀၀ လုံးအပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Amandla Mini Bus  (၁)စီးနှင့် Nissan Caravan Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၉၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   ဧပြီလ  ၂၃   ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်၊ ပျဉ်းမနားခရိုင်နှင့်   ဥတ္တရခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၂၄၈)တန်၊ အခြားသစ် (၁၃ ဒသမ ၆၂၁)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၇၁၀၁)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဧပြီလ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မင်းတုန်းမြို့နယ်၊ တောင်ပတ်ကျေးရွာအနီး၌   တရားမဝင် စက်သုံးဆီဒီဇယ်ဆီ ၁၃၅ ဂါလန်နှင့် အဝါရောင်ကော်ပုံးအခွံ ၂၅၀ ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၆၄၀၀၀)နှင့် အဆိုပါစက်သုံးဆီများ   တင်ဆောင်လာသည့် Dump Truck ၁ စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၈၆) တန်၊ အခြားသစ် (၂ ဒသမ ၁၂၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၆၃၉)ကို သစ်တောဥပဒေ အရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၆၅၆၃၉)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၈)မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၆၈၀၇၅၄၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။