အင်းတော်မြို့နယ်၌ ချည်ထိုး ပန်းထိုးနှင့် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

အင်းတော်မြို့နယ်၌ ချည်ထိုး ပန်းထိုးနှင့် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

အင်းတော်၊ လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနနှင့် အင်းတော်မြို့ ပန်းဝါသနာရှင်များ ပူးပေါင်း၍ ချည်ထိုး၊ ပန်းထိုးနှင့် ပန်းအလှထိုး နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်က အဆိုပါဦးစီးဌာန Community Centre ၌ ကျင်းပသည်။

ရှေးဦးစွာ အင်းတော်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ   ဦးကျော်သီဟ က   ဦးစီးဌာနအနေဖြင့်   နွေရာသီအားလပ်ရက်များတွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင် ရေး၊    မိမိတို့ဝါသနာပါရာလုပ်ငန်းများကို လေ့လာပြီး စိတ်ပါဝင်စားစွာ  လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊  မိမိ တတ်ကျွမ်းထားသည့်   ပညာရပ်များကို  အကျိုးရှိရှိ အသုံးပြုနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်း နည်းပြများဖြစ်သည့်  ဒေါ်သိင်္ဂီထွန်းနှင့် ဦးမြင့်ဇော်တို့က သင်တန်းတွင် သင်ကြားပေးမည့် အကြောင်း အရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ဧပြီလ ၂၃ ရက် မှ ၂၇ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းတွင် လက်မှု ပညာများဖြစ်သည့် ချည်ထိုး၊ ပန်းထိုးနှင့် ပန်းအလှထိုးနည်းများကို သင်ကြားပြသပေးလျက်ရှိပြီး သင်တန်းသား၊  သင်တန်းသူ  ၂၂  ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျော်သီဟ