လေဘေးသင့်ပြည်သူများအား ပံ့ပိုးငွေနှင့်ပစ္စည်းများပေးအပ်

လေဘေးသင့်ပြည်သူများအား ပံ့ပိုးငွေနှင့်ပစ္စည်းများပေးအပ်

စလင်း၊ လူမှုရေး

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းဧပြီလ ၁၈ ရက် ည ၈ နာရီခွဲတွင်  လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ရွာမကောကျေးရွာ၊ ညောင်အင်းကျေးရွာ၊ မကျီးပင်ပုကျေးရွာ၊ ရွာမှတ်ကျေးရွာ အုပ်စုတို့မှ   လူနေအိမ်လေးလုံးပြိုကျပြီး ၂၅ လုံး အမိုးလန်ခဲ့သည့်အတွက် လေဘေးသင့် ပြည်သူများ အား ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ပံ့ပိုးငွေနှင့် ပစ္စည်းများ ပေးအပ်သည်။

ထိုသို့ပေးအပ်ရာတွင် လေဘေးသင့် အိမ်ထောင်စုများအား  စလင်းမြို့နယ်   စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ဦးဆောင်၍ တာဝန်ရှိသူများက ပြိုကျပျက်စီးလေး အိမ်နှင့်အမိုးလန် ၂၅ အိမ်  အမိုးလန် ပျက်စီးခဲ့သည့်အတွက် လေဘေးသင့်ပြည်သူများ အိမ်ထောင်စုများမှ အသက် ၁၈ နှစ်အထက် အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၇ ဦးစုစုပေါင်းလူဦးရေ၁၂၀ ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ်  ၁၄၀၂၀၀၀ ပြိုကျလူနေအိမ်လေးလုံးအတွက်ငွေကျပ် ၂၃၇၇၅၁ တန်ဖိုးရှိ အိမ်ဆောက် ပစ္စည်း ၁၆ မျိုးပါပုံးတစ်ပုံးစီတို့အား လေဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် ပံ့ပိုးပေးအပ် ကြောင်း သိရသည်။                   

မောင်လွင်(စလင်း)