အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး လူငယ် များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး လူငယ် များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဧပြီ ၂၅

      မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့အရှေ့ဘက် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၇ နာရီခန့်က လမ်းသွားလမ်းလာ ကားတွေကို တားဆီးစစ်ဆေးပြီး လူငယ်များကို ဖမ်းဆီး လျက်ရှိရာ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ကောလာဟလသတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

    အဆိုပါ ကောလာဟလသတင်းသည် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလား သူများနှင့် အကြမ်းဖက်အားပေး မီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်း ဖြစ်ပြီး  ၎င်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေခြင်းသာရှိပြီး၊ တရားမဝင် ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြနေသည့် လူငယ်များကို ဖမ်းဆီးထားသည်ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

     တရားမဝင်ပြည်ဖျက် မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အကြား အထင်အမြင် လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံရေးသားထား သည့် သတင်းတု၊ သတင်းအမှားများဖြင့် သတင်းအဆိပ်ခတ် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။