အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲပြုလုပ်

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၅

     အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆုချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက ဆုရရှိကြသူများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းသင်္ဂဟတံဆိပ်ရရှိသူများ၊ စစ်မှုထမ်းကောင်းတံဆိပ်ရရှိသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများ ၂၀၂၂-၂၀၂၃ ပညာသင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပြိုင်ပွဲများအလိုက် ဆုရရှိကြသူများနှင့် အိမ်ထောင်သည် လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သန့်ရှင်းရေး အကောင်းဆုံးဆုရရှိကြသူများကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အား ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။